ရှမ်းပြည်နယ်

လင်းခေးမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးမြို့နယ်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲအချိန်က လင်းခေးမြို့၊ နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ အထူးကုဆရာဝန်များအဖွဲ့မှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းကုသပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ‎ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန တာချီလိတ်မြို့၊ ကုတင် (၁၀၀) ဆံ့ ခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များအဖွဲ့သည် ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြည်သူများအား ကျန်းမာ‌‌ရေးစောင့်ရှောက်မှုများ ကွင်းဆင်းကုသပေးခဲ့သည်။

လားရှိုးမြို့၌ ပျားမွေးမြူရေးပညာပေးသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ပျားမွေးမြူမှုဖွံ့ဖြိုးရေးတာဝန်ခံရုံးအနေဖြင့် ပြည်သူတိုးချဲ့ ပျားမွေးမြူရေးပညာပေးသင်တန်းကို လားရှိုးမြို့ နယ်မြေ (၁)၊ ရပ်ကွက် (၉) ရှိ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲရုံး၌ ဖွင့်လှစ်ခဲ့သည်။

ကျိုင်းတုံမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ဇူလိုင် ၄ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

နောင်တရားမြို့ရှိ အာလူးအအေးခန်းစက်ရုံနှင့် တီကျစ်ကျောက်မီးသွေး ရေနွေးငွေ့ ဓါတ်အားပေးစက်ရုံသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလိုင်းတစ်ပ်တို့သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ အာလူးအအေးခန်းစက်ရုံနှင့် တီကျစ်ကျောက်မီးသွေး ရေနွေးငွေ့ဓါတ်အားပေးစက်ရုံအား ဇူလိုင်လ(၄)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ရှမ်းပြည်နယ် စည်ပင်သာယာ‌ရေးဝန်ကြီး ဦးခွန်ထွန်းဖြူ တောင်ကြီးမြို့အတွင်း ‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ(၄)ရက်နေ့ မနက်ပိုင်းက တောင်ကြီးမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ကြည့်ရှုစစ်‌ဆေး ခဲ့ကြောင်း သိရသည်။

‎မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည်ထိုးမြှုပ်နှံခြင်း တောင်သူပညာပေး ကွင်းလက်တွေ့ပြပွဲ ကျင်းပ

စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု တည်တံ့ခိုင်မြဲစေရန်နှင့် တောင်သူများ၏ စိုက်ပျိုးမြေများ မြေဆီလွှာအရည်အသွေး ပိုမိုကောင်းမွန်လာစေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည်ထိုးမြှုပ်နှံခြင်း တောင်သူပညာပေး ကွင်းလက်တွေ့ပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ သိန်းဖျံကျေးရွာရှိ တောင်သူ ဒေါ်နန်းနွမ်း၏ စံပြစိုက်ခင်း၌ ကျင်းပကြောင်း သိရသည်။

ကလောမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ က‌လောမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစား ခန်းမတွင် ဇူလိုင်လ ၄ ရက်‌နေ့ နံနက် ၈ နာရီကမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့သည်။

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ၂၀၂၆ခုနှစ် ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေးနှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကိုနားလည်ချစ်မြတ်နိုးတတ်စေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်နှင့် ရာသီဥတုမျှတစေရန် ရည်ရွယ်ပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၂၀၂၆ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဟွိုလွိုင် ကျေးရွာအုပ်စု၊ မိုက်ညုစင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်