ကလော ဇူလိုင် ၄
ဟိုတယ်နှင့်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ပံ့ပိုးကူညီမှုတို့ဖြင့် ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ရုရှားဘာသာ စကားနှင့်ဆက်ဆံကောင်းမွန်စေရေး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား (မွမ်းမံ)သင်တန်းဆင်းပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ Hill Top Villa Hotel ၌ ဇူလိုင်လ ၃ ရက်နေ့မွန်းလွှဲ ၁ နာရီက ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများဖြစ်သည့် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာသင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းက ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား (မွမ်းမံ)သင်တန်းဆင်းပွဲနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြများအား ဂုဏ်ပြုလက်မှတ်နှင့် ချီးမြှင့်ငွေပေးအပ်ခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး စိုင်းဝမ်းလှိုင်းတစ်ပ်က သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသားတစ်ဦးက ရုရှားဘာသာဖြင့် ကျေးဇူးတင် စကားပြောကြားခဲ့ပြီး သင်တန်းသား/သူများက ရုရှားဘာသာဖြင့် သီချင်းသီဆိုတင်ဆက်ခဲ့ကြကာ အခမ်းအနား တက်ရောက်လာသူများက အမှတ်တရစုပေါင်းမှတ်တမ်းတင် ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)