ကွန်ဟိန်းမြို့၌ MCCT အစီအစဉ် အသိပညာပေးသင်တန်းနှင့် အာဟာရ အသိပညာပေး သင်တန်းဖွင့်လှစ်

ကွန်ဟိန်း ဇူလိုင် ၅ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အစီအစဉ် အသိပညာပေးသင်တန်းနှင့် အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှိုင်ဇင်ဝင်းနှင့် မအိန္ဒြာကျော်ဆင့်တို့က MCCT အစီအစဉ် အသိပညာပေး ဆွေးနွေးခြင်းနှင့် ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ခင်မာအေးက အာဟာရအသိပညာပေး ဆွေးနွေးခြင်းကို  တရက်တာ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်မာအေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးများ၊  မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းအဖွဲ့ဝင်များ စုစုပေါင်း သင်တန်းသား (၃၀) ဦးတို့က တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)