မောက်မယ် ဇူလိုင် ၄
ရာသီဥတုညီညွတ်မျှတပြီး သဘာဝဘေးအန္တရာယ်ကာကွယ်စေရန်ရည်ရွယ်၍ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ဟိုလွိုင်ကျေးရွာအုပ်စု၊ မိုက်ညုစံကျေးရွာ၌ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သစ်တောတာဝန်ခံ ဦးဇော်ညိုက သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများကိုပြောကြားရာ တာဝန်ရှိသူများက ပျိုးပင်များပေးအပ်၍ တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ တပ်ရင်း တပ်ဖွဲ့များနှင့် ကျေးရွာနေဒေသခံတိုင်းရင်းသားပြည်သူများအားလုံးက ကျွန်း၊ မယ်ဇလီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ရေသင်းဝင်၊ မျောက်ငို စသည့်အရိပ်ရပျိုးပင်ပေါင်း ၁၂၀၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
နန်းမိုခမ်း(ပြန်/ဆက်)