ရှမ်းပြည်နယ်

ရပ်စောက်၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားထားသော “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” စာအုပ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းတွင်းစိမ်းလန်းစိုပြေရေး ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် ကျောင်းတွင်းစိမ်းလန်းစိုပြေရေး ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ က အခြေခံပညာအထက်တန်းကျောင်း(တုန်ဟုန်း)တွင် ကျင်းပခဲ့သည်။

နောင်ချိုမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများက ဒေသခံတိုင်းရင်းသားပြည်သူများအား ကွင်းဆင်းဆေးကုသပေးလျက်ရှိ

ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ကွင်းဆင်းဆေးကုသမှု လုပ်ငန်းအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ လားရှိုးပြည်သူ့ဆေးရုံကြီး၊ ကျောက်မဲနှင့် သီပေါပြည်သူ့ဆေးရုံတို့မှ အထူးကုဆရာဝန်ကြီးများသည် နောင်ချိုမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ယမန်နေ့နံနက် (၁၀)နာရီမှ မွန်းလွဲ (၂)နာရီထိ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။

ပင်လောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုင်းတုံမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက် ယနေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲက မိုင်းတုံ-မိုင်းဆတ်သွားကားလမ်း၊ ၄ မိုင်အနီး နမ့်စန်ကြိုးဝိုင်း​တွင် ကျင်းပခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် နှစ်(၃၀)ပြည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသူများအား ပညာရည်ချွန်ဆုများချီးမြှင့်

ရှမ်းပြည်နယ်တောင်ပိုင်း ၊နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင်နှစ်(၃၀)ပြည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသူများအား ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။

ပင်လုံမြို့ ရှေးဟောင်းသမိုင်းဝင် ကောင်းမူးဂုဏ်နန်းကင်ပူကျောင်း စာသင်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို  ရှေးဟောင်းသမိုင်းဝင် ကောင်းမူးဂုဏ်နန်းကင်ပူကျောင်း စာသင်တိုက်၌ စာဖတ်ရှိန်မြှင်တင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၌ ပျားမွေးမြူရေးပညာပေးသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ပျားမွေးမြူမှုဖွံ့ဖြိုးရေး တာဝန်ခံရုံးအနေဖြင့် ပြည်သူတိုးချဲ့ ပျားမွေးမြူရေးပညာပေးသင်တန်းကို ယမန်နေ့က လားရှိုးမြို့ နယ်မြေ (၁)၊ ရပ်ကွက် (၉) ရှိ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲရုံး၌ ဖွင့်လှစ်ခဲ့သည်။

ကွန်ဟိန်းမြို့၌  MCCT အစီအစဥ်အသိပညာပေးသင်တန်းနှင့် အာဟာရအသိပညာပေးသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အစီအစဥ် အသိပညာပေးသင်တန်းနှင့် အာဟာရအသိပညာပေးဆင့်ပွား သင်တန်းကို    ယနေ့နံနက် (၉)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်