Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြိတ်ခရိုင်၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Aug 31,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးသားယဉ်ကျေးမှု ဂုဏ်သိက္ခာနှင့်တန်ဖိုးကို အလေးထားမြတ်နိုးပြီး အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရန်အတွက် ယမန်နေ့က မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အာဟာရ ရိက္ခာများ ထောက်ပံ့ပေးအပ်
Aug 31,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (United Nations World Food Programme -WFP) တောင်ကြီးရုံးခွဲမှ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အာဟာရစားနပ် ရိက္ခာကူညီထောက်ပံ့ပေးအပ်ခြင်းကို နာဟောင်ရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ မိုးရာသီအတ္ထုပ္ပတ္တိစာပေ စာဖတ်ဝိုင်းကျင်းပ
Aug 31,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်းနှင့် စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး မိုးရာသီ အတ္ထုပ္ပတ္တိစာပေ စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန် မြောက်ပိုင်းခရိုင် (အင်းစိန်)၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ်တွင် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီမှ လုပ်ငန်းလိုင်စင်လျှောက်ထားနိုင်ရန် ကွင်းဆင်းစစ်ဆေး
Aug 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသော ကာရာအိုကေဆိုင်(၄)ဆိုင်၏ လုပ်ငန်းလိုင်စင်များလျှောက်ထားနိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်းက ဗီဒီယိုလုပ်ငန်းစီစစ်ကြီးကြပ်ရေးကော်မတီဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် ထောက်ပံ့ကြေး…
Aug 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်မှ တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လပွတ္တာခရိုင် ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲနှင့် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က အထွေထွေအုပ်ချုပ်ဦးစီးဌာန၊ ရွေးနဒီခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ ပေးအပ်ပွဲနှင့် ကျေးလက်စာကြည့်တိုက်များအတွက် စာအုပ်များ လှူဒါန်းပွဲတက်…
Aug 31,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင်ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့်ကျေးလက်စာကြည့်တိုက်များအတွက် စာအုပ်များလှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် မိုးသက်လေပြင်းတိုက်ခတ်၍နေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ရသော မိသားစုအား ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်
Aug 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မယ်ဇလီကွင်းပေါက်၊ ရှမ္မမြောင်၊ ဘုရားနီကျေးရွာအုပ်စုတို့တွင် ဩဂုတ်လ ၂၃/၂၅/၂၈ ရက်များ၌ ဖြစ်ပွားခဲ့သော ရေကြီးနစ်မြုပ် မိုးသက်လေပြင်း တိုက်ခတ်မှုတို့ကြောင့် နေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ရသည့် မိသားစုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဘိုးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ (Clean and Green Schools) ပေါ်ထွန်းလာစေရေး အကောင်အထည်ဖော်ဆောင်ရွ…
Aug 31,2024
ကချင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (Clean and Green Schools) များ ပေါ်ထွန်းလာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7015
Page
7016
Page
7017
Page
7018
Current page
7019
Page
7020
Page
7021
Page
7022
Page
7023
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department