မိုးနဲ ဩဂုတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (United Nations World Food Programme -WFP) တောင်ကြီးရုံးခွဲမှ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အာဟာရစားနပ် ရိက္ခာကူညီထောက်ပံ့ပေးအပ်ခြင်းကို နာဟောင်ရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ရာတွင် မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့အပါအဝင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂ အုပ်စုတို့တွင် ယာယီနေရပ်စွန့်ခွာ၍ရောက်ရှိနေသော အိမ်ထောင်စု ၁၈၀ စုတို့မှ လူဦးရေ ၇၄၂ ဦးအတွက် ဆန်အိတ် ၂၀၀ အိတ်၊ ပဲ ၂၆ အိတ်၊ ဆီ ၃၇ ဖာ၊ ဆား ၂ အိတ်၊ ဖြည့်စွက်အာဟာရမှုန့်(WSB+) ၃ ဖာ၊ အသင့်စားအာဟာရမှုန့်(WSB++) ၁၆ ဖာလေးထုတ်တို့ကို ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (United Nations World Food Programme -WFP) တောင်ကြီးရုံးခွဲမှ တာဝန်ရှိသူများက ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)