အမြို့မြို့အနယ်နယ်သတင်းများ

Sep 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က မြန်အောင်မြို့ ပြည်သူ့ရင်ပြင်ရှေ့နှင့်နေခြည်စျေးရှေ့တွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
Sep 01,2024
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်းနှင့် သီလရှင်ကျောင်း ၆ ကျောင်းရှိ ဆရာတော်၊သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲနှင့် ဆွမ်းဆန်တော်၊ စားသုံးဆီ လောင်းလှူပွဲ အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများနှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။ 
Aug 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ အ.ထ.က (၂) ကျောင်းတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်(၆)ဘာသာဂုဏ်ထူးရှင်နှင့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈) နာရီအချိန်က ဖျာပုံမြို့ အ.ထ.က(၂)ကျောင်းရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
Aug 31,2024
တနင်္သာရီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၏ သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
Aug 31,2024
မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ လမ်း၄၀၊ ၆၇-၆၈ လမ်းကြားရှိ မဟာမြိုင်ကျောင်းတိုက်၊ ကျူရှင်သာသနာ့ဗိမာန်ရှိ ဈာပနခန်းမဆောင်တော်တွင် မဟာမြိုင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကချုပ်ဆရာတော် ဘဒ္ဒန္တသဇ္ဇနသာရ(မဟာဂန္ထ ဝါစကပဏ္ဍိတ) သက်တော် ၈၅ နှစ်၊ သိက္ခာတော် ၆၅ ဝါ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားအား ပူဇော်ကျင်းပခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး ၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးဝန်ကြီး  ဦးအောင်ကျော်မိုး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်လေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမင်းဦးနှင့် ရဟန်း၊ ရှင်၊ လူ ပရိသတ်စုစုပေါင်း  (၁၅၀၀)ဦးခန့်  တက်ရောက် ဖူးမြှော်ခဲ့ကြသည်။
Aug 31,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချူပ်၏ လမ်းညွန်မှုဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းပသော ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
Aug 31,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်းထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်လူမှုဖူလုံရေးအဖွဲ့ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ် လူမှုဖူလုံရေးအဖွဲ့ရုံး ပြည်နယ်တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းစိုးက အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။