သာပေါင်း ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မယ်ဇလီကွင်းပေါက်၊ ရှမ္မမြောင်၊ ဘုရားနီကျေးရွာအုပ်စုတို့တွင် ဩဂုတ်လ ၂၃/၂၅/၂၈ ရက်များ၌ ဖြစ်ပွားခဲ့သော ရေကြီးနစ်မြုပ် မိုးသက်လေပြင်း တိုက်ခတ်မှုတို့ကြောင့် နေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ရသည့် မိသားစုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဘိုးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရေကြီးနစ်မြုပ်မိုးသက်လေပြင်းတိုက်ခတ်၍ မယ်ဇလီကွင်းပေါက် ကျေးရွာအုပ်စု၊ သဘော့ချောင်း ကျေးရွာနေ ဒေါ်သောင်းမြင့်နှင့်အတူနေ အသက်(၁၈)နှစ်အထက် အမျိုးသမီး(၁)ဦးနေထိုင်ရာ ဓနိမိုး၊ ဓနိကာ၊ ကြမ်းခင်း(၁၂’×၁၂’×၁၂’)နေအိမ်(၁)လုံး ဩဂုတ်လ ၂၃ ရက်နေ့၊ ညနေ ၂ နာရီခွဲအချိန်က ပြိုကျပျက်စီး၊ရှမ္မမြောင် ကျေးရွာအုပ်စု၊ရှမ္မမြောင် ကျေးရွာနေဦးမျိုးသန့်နှင့်အတူနေ အသက်(၁၈)နှစ်အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၂)ဦး၊ အသက်(၁၈)နှစ်အောက် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး ပေါင်း (၆)ဦးတို့နေထိုင်ရာ သွပ်မိုး၊ ပျဉ်ထောင်၊ ထာရံကာ၊ (၁၈’×၁၈’×၁၈’)နေအိမ်(၁)လုံး ဩဂုတ်လ ၂၄ ရက်နေ့၊ ည ၇ နာရီ အချိန်က ပြိုကျပျက်စီး၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာနေ ဦးပန်းညိုနှင့်အတူနေ အသက်(၁၈)နှစ်အထက် အမျိုးသား(၁)ဦး၊အမျိုးသမီး(၁)ဦး ပေါင်း(၂)ဦးတို့နေထိုင်ရာ ဓနိမိုး၊ ထာရံကာ၊ ဝါးခင်း(၁၂’×၁၈’×၁၅’) နေအိမ်(၁)လုံး ဩဂုတ်လ ၂၈ ရက်နေ့၊ ညနေ ၃ နာရီအချိန်က ပြိုကျ ပျက်စီးခဲ့ကြရသည့် အိမ်ထောင်စု(၃)မှ လူဦးရေ(၉)ဦးတို့အတွက် ဆန်ရိက္ခာဘိုး ရန်ပုံငွေ(၁၈၉၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဘိုးရန်ပုံငွေ(၃၀၀၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)ပုံးစီနှင့် တန်ဖိုးငွေ (၃၂၃၀၃၄) ပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၃၁၈၉၀၀)တို့ကို မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းနှင့်ဝန်ထမ်းများက ဘေးသင့်မိသားစုလက်ဝယ်သို့ ထောက်ပံ့ပေးအပ် ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း