အမြို့မြို့အနယ်နယ်သတင်းများ

Aug 31,2024
ရန်ကုန်တိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Aug 31,2024
ရန်ကုန်တိုင်းဒေသကြီး၌ ဥပဒေရေးရာဝန်ကြီးဌာန၏ တတိယအကြိမ် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 31,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း(အမျိုးသမီး) ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 31,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဆေးရုံမိသားစုနေ့ (Hospital Family Day) အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုတင်(၅၀)ဆံ့ ပြည်သူ့​ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ချောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးအေးမင်းထွန်း၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်းနှင့် အသင်းဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
Aug 31,2024
၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုနှင့် အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက်ဆု ရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအား ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သူနာပြုသားဖွားသင်တန်းကျောင်း(မုံရွာ)မှ သင်တန်းသား/သူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)မှ ကျောင်းသား/သူများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။
Aug 31,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ရွှေတောင်မြို့နယ်တွင် အထက်တန်းအဆင့် Grade-11 နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေတို့ကို ရှင်းလင်းဟောပြာခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ်၊ အ.ထ.က (ခွဲ) သရက်တောကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။
Aug 31,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို လှိုင်မြို့နယ် အ.လ.က(၈)လှိုင်ပညာခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Aug 31,2024
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၄) ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။