ကြံခင်း ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသော ကာရာအိုကေဆိုင်(၄)ဆိုင်၏ လုပ်ငန်းလိုင်စင်များလျှောက်ထားနိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်းက ဗီဒီယိုလုပ်ငန်းစီစစ်ကြီးကြပ်ရေးကော်မတီဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဗီဒီယိုစီစစ်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်နှင့် မြိုနယ်ဗီဒီယိုစိစစ် ကြီးကြပ်ရေးကော်မတီဝင်များက ဗီဒီယိုအခြေခံအဖွဲ့မှ ချမှတ်ထားသောညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်(၁၉)ချက်အား သိရှိလိုက်နာဆောင်ရွက်သွားနိုင်ရေးနှင့် မြို့နယ်ဗီဒီယိုလုပ်ငန်းစီစစ်ကြီးကြပ်ရေးကော်မတီမှ ကာရာအိုကေဆိုင် ဖွင့်လှစ်ဆောင်ရွက်သွားနိုင်ရေးအတွက် သတ်မှတ်ထားသောအချက် (၅)ချက်နှင့်ညီ/မညီ စစ်ဆေးခဲ့ကြသည်။
ကြံခင်းမြို့နယ်အတွင်း ကာရာအိုကေဆိုင်(၄)ဆိုင်ဖြစ်သော ဆုံဆည်းရာစားသောက်ဆိုင်၊ ရွှေမင်းသားစားသောက်ဆိုင်၊ (PALACE)စားသောက်ဆိုင်နှင့် နတ်သုဒ္ဓါစားသောက်ဆိုင်များရှိ ကာရာအိုကေလိုင်စင်နှင့်ပတ်သက်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)