အမြို့မြို့အနယ်နယ်သတင်းများ

Aug 31,2024
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အပတ်စဉ်ပလတ်စတစ် ကောက်ယူရှင်းလင်းနေလျက်ရှိရာ Bagan Plastic Campaign အဖွဲ့မှ ဦးဆောင်ကာ ပလတ်စတစ်အမှိုက်များ သီးသန့်ကောက်ယူခြင်းကို ယနေ့ နံနက် (၇) နာရီအချိန်မှစတင်ကာ ဓမ္မရံကြီးဘုရား ပတ်ဝန်းကျင်နှင့် ညောင်ဦး-မြင်းခြံ-ပခုက္ကူလမ်းဘက်အထွက် သံတော် ကုန်းထိပ်မှလမ်း ဘေးဝဲယာတစ်လျှောက် ပလတ်စတစ်အမှိုက်များ ဖော့ဘူးခွံများ ကောက်ယူသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 31,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)နှင့် ဝါသီးနှံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
Aug 31,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ကုန်ဈေးနှုန်းတည်ငြိမ် လျော့ကျစေရေးအတွက် ယနေ့နံနက် ၉ နာရီက ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးခဲ့ကြောင်းသိရသည်။
Aug 31,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကျောင်းသားကျောင်းသူများ စာအုပ်စာပေများနှင့် ချစ်ခင်ရင်းနှီး ကျွမ်းဝင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားစေရန် ရည်ရွယ်၍ ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြစန္ဒာရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။
Aug 31,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ပန်းတိုင် အထွက်နှုန်း ရရှိနိုင်ရေးအတွက် မိုးစပါးစံပြကွက်များအား တောင်သူများမှ ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရွာသစ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၉၁၅/၁၅၄၈)၊ ဦးပိုင်အမှတ်(၅၉)၊ တောင်သူဦးကြံတိုင်းအောင်၏ မိုးစပါးစိုက်ခင်း(၅)ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။