အမြို့မြို့အနယ်နယ်သတင်းများ

Nov 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ်(၆)(ဘီဘီအမ်) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းနေအရွယ်ကလေးများ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များအား လိုက်နာကျင့်သုံးရွေးချယ်တတ်စေရန်၊ စားသုံးသူကာကွယ် ရေးလုပ်ငန်းစဉ်များအား သိရှိနားလည်တတ်စေရန်နှင့် မိမိအခွင့်အရေးအား တောင်းဆို တက်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီက အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်သည်။
Nov 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့မွန်လွဲ (၁) နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်
Nov 09,2024
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းက ပြည်မြို့၌ ကျင်းပ​ပြုလုပ်သည့် ဖူဆယ်အားကစားရုံသစ်ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Nov 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က စဉ်ဆက်ပညာရေးလုပ်ငန်းသင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
Nov 09,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျေးလက်​နေပြည်သူများနှင့် တိုင်းရင်းသားများအတွက် သင်ယူသူများ၏ အ​ရေးစွမ်းရည်ပိုမိုတိုးတက်လာ​စေ​ရေး၊ စာဖတ်ရှိန်မြှင့်တင်​ရေးနှင့် စဥ်ဆက်ပညာ​​ရေးအစီအစဥ်မှတစ်ဆင့် ဘဝတစ်သက်တာသင်ယူ​လေ့လာ​နေသူများဖြစ်ထွန်းလာ​ရေး စသည့်ရည်ရွယ်ချက်များဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်လျက်ရှိသည့် စဥ်ဆက်ပညာ​​ရေးကိုဖွင့်ပွဲများကို ယမန်နေ့နံနက်ပိုင်းက နားလီး၊ ပါ​ယောင်း၊ ပြည်ငြိမ်း​အေး​ကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့​​ကြောင်း သိရသည်။