မိုင်းဖြတ်မြို့နယ်၌ စဥ်ဆက်ပညာ​ရေးကို စာသင်ဝိုင်း(၂၀)ဖြင့် ​ဆောင်ရွက်

မိုင်းဖြတ် နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျေးလက်​နေပြည်သူများနှင့် တိုင်းရင်းသားများအတွက် သင်ယူသူများ၏ အ​ရေးစွမ်းရည်ပိုမိုတိုးတက်လာ​စေ​ရေး၊ စာဖတ်ရှိန်မြှင့်တင်​ရေးနှင့် စဥ်ဆက်ပညာ​​ရေးအစီအစဥ်မှတစ်ဆင့် ဘဝတစ်သက်တာသင်ယူ​လေ့လာ​နေသူများဖြစ်ထွန်းလာ​ရေး စသည့်ရည်ရွယ်ချက်များဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်လျက်ရှိသည့် စဥ်ဆက်ပညာ​​ရေးကိုဖွင့်ပွဲများကို ယမန်နေ့နံနက်ပိုင်းက နားလီး၊ ပါ​ယောင်း၊ ပြည်ငြိမ်း​အေး​ကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့​​ကြောင်း သိရသည်။

  ထိုသို့​ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အေးချမ်းမျိုးက စာသင်သားများအ​နေဖြင့်​နေ့စဥ်ပုံမှန် တက်​ရောက်သင်ကြားနိုင်​ရေးနှင့်စပ်လျဥ်း၍ အမှာစကား​ပြောကြားခဲ့သည်။ ထို့​နောက် မြို့နယ်ပညာ​ရေးမှူး ဦး​အောင်​ကျော်ညွန့်ကစဥ်ဆက်ပညာ​ရေး​ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း​ပြောကြားခဲ့သည်။ ယင်း​နောက် စာသင်သားများကို ပုံနှိပ်စာအုပ်နှင့် စာ​ရေးကိရိယာများကို ​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင်း စဥ်ဆက်ပညာ​ရေးလုပ်ငန်းကို ၂၀၂၄ခုနှစ်၊ ​နိုဝင်ဘာလ ၈ရက်​နေ့မှစ၍ ရက်​ပေါင်း(၉၀)ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ​ကျေးရွာ (၁၃)ရွာမှ စာသင်ဝိုင်း (၂၀)တွင် စာသင်သား (၂၅၁)ဦးတို့ဖြင့် သင်ကြား​ပေးသွားမည်ဖြစ်​ရာစာသင်ချိန်များကို မိမိတို့​ကျေးရွာ၏ တာဝန်ရှိသူများ၏ စီစဥ်ကြီးကြပ်မှုတို့ ​ဆောင်းရွက်နိုင်ကြောင်း မြို့နယ်ပညာ​ရေးမှူးရုံးက သိရသည်။

​​​ရွှေကို(မိုင်းဖြတ်)