၂၀၂၄ ခုနှစ်၊(၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မှ ဆုချီးမြှင့်ခြင်းခံရသည့် မိုင်းပန်မြို့နယ်ကိုယ်စားပြု အကအဖွဲ့များအား ဂုဏ်ပြုခြင်းအခမ်းအနားကျင်းပ

မိုင်းပန်  နိုဝင်ဘာ  ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှ ဗဟိုအဆင့်၊ ပြည်နယ် အဆင့်၌ ဆုချီးမြှင့်ခြင်းခံရသည့် မြို့နယ်ကိုယ်စားပြု အကအဖွဲ့များအားဂုဏ်ပြုခြင်း အခမ်းအနားကို မြို့နယ်စဝ်ကောလီခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မိုင်းပန်မြို့နယ် အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကျော်စွာဝင်းက အဖွင့်အမှာစကားပြောကြားပြီး အ.လ.က (မွေတော်) ကျောင်းနှင့် .လ.က(ခွဲ)မြို့မကျောင်းမှ ကျောင်းသား/သူလေးများက ကာပန်ကောင်အကနှင့် ရှမ်းရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ၂၀၂၄ခုနှစ်၊ (၂၅)နှစ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှ ဗဟိုအဆင့်နှင့် ပြည်နယ်အဆင့်၌ ဆုချီးမြှင့်ခြင်းခံရသည့် မြို့နယ်ကိုယ်စားပြု အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြပြီး အကအဖွဲ့၏ ကိုယ်စားလှယ်တစ်ဦးမှ ပြိုင်ပွဲအတွေ့အကြုံနှင့် ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)