အမြို့မြို့အနယ်နယ်သတင်းများ

Nov 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၄) အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေး တွဲဖက်အထက်တန်းကျောင်း၌ ကျင်းပသည်။
Nov 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကြီးမှူးကျင်းပ၍ (၂၃) ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးနှီးနှောဖလှယ်ပွဲကို ကြိုဆိုသောအားဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ဗိုလ်တထောင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း သစ္စာခန်းမ၌ ကျင်းပပြုလုပ်ခဲကြောင်း သိရသည်။
Nov 09,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေး (CTME) စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် ၊ဗိုလ်တထောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှကြီးမှူးကျင်းပ၍ (၂၃)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးနှီနှောဖလှယ်ပွဲကို ကြိုဆိုသောအားဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ဗိုလ်တထောင်မြို့ အမှတ်( ၃ )အခြေခံပညာအထက်တန်းကျောင်း သစ္စာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Nov 09,2024
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်က ထောင်ခမက်ကျေးရွာအုပ်စု အထက-တောင်ဒဂုံကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 09,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေး(CTME) စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 09,2024
(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအကြိုအဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနသည် ယမန်နေ့က ဝမ်ဘိုးအုပ်စု၊ ဖကျောက်ကျေးရွာ၌ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။