အမြို့မြို့အနယ်နယ်သတင်းများ

Nov 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်ရှိ ဉတ္တရုံကျောင်းတိုက်တွင် (၂၈)ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။
Nov 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်ပြည်သူများပါဝင်သည့် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ မြို့ဦးပရိယတ္တိစာသင်တိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Nov 10,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ (၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့တွင် ဆရာတော်ကြီးများအား အာရုံဆွမ်းကပ်လှူဒါန်းခြင်း၊ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များနာယူပြီး လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်းခဲ့ရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နှစ်ပတ်လည်နေ့အခမ်းအနား ဆက်လက်ကျင်းပခဲ့သည်။
Nov 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆတ်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ လူငယ်စကားဝိုင်းကို နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း ပုလဲ‌ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှုတ်ခွန်းဆက်စကား ပြောကြား‌ပေးခဲ့သည်။
Nov 10,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာတွင် တတိယအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 10,2024
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအတွက် အသိပညာ ဗဟုသုတများ တိုးတက်မြင့်မားစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ညောင်ပင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ညောင်ပင်ကျောင်း၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ (၈) ရက်နေ့က အဆိုပါကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 09,2024
ပြည်ထောင်းစုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် အစည်းအဝေးကျင်းပခဲ့သည်။
Nov 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းရပ်များကို ဦးစားပေးအလိုက် သတ်မှတ်ပြီး ပညာရှင်များ ၂ ရေးဆွဲထားသည့် ရေကြီးရေလျှံခြင်းမှ လျော့နည်းကင်းဝေးစေရေး စီမံကိန်းအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ခရိုင်၊မြို့နယ်စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။