အမြို့မြို့အနယ်နယ်သတင်းများ

Nov 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့သည် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ၊ စီးပွားရေးလာဘ်လာဘ တိုးတက်ကောင်းမွန်စေရန်နှင့် သဘာဝဘေးကပ်ဆိုးများ ဆိုက်ကပ်မှုမရှိစေရန်အတွက် ရည်စူး၍ တစ်နှစ်လျှင် တစ်ရွာစီဖြင့် အလှည့်ကျကျင်းပလေ့ရှိသည့် ရိုးရာဓလေ့ ကထိန်ဆင်ဆွဲပွဲတော်ကို နိုဝင်ဘာ ၅ ရက်နေ့မှစတင်၍ ၈ ရက်နေ့ထိ လေးရက်တိုင်တိုင် မြို့မရပ်ကွက်၊ ဒေါင်နေကျေးရွာရှိ ဝပ်ကြွမ်းခေါင်းဘုန်ကြီးကျောင်းအတွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
Nov 09,2024
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင်‌  ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီး ဧကများအား ဆောင်းသီးနှံအစားထိုး စိုက်ပျိုးနိုင်ရေးအတွက်(မတ်ပဲ၊ပဲတီစိမ်း၊နေကြာ)မျိုးစေ့များနှင့် မိုးစပါး၊ ချည်မျှင်ရှည်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး  သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က မြစ်သားမြို့ ရွှေသူဌေးရပ်ကွက်ရှိ  စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 09,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ခရိုင်အတွင်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ထူးချွန်တောင်သူများ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြည်မြို့ရွာဘဲ ရပ်ကွက်သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်း ကျင်းပပြုလုပ်သည်။
Nov 09,2024
မြန်မာနိုင်ငံကြက်ခြေနီအသင်းအရင်းအမြစ် စုစည်းအသုံးချရေးဌာနသည် အသင်းရန်ပုံငွေမြှင့်တင်ရေးလှုပ်ရှားမှုများ၊ ဝင်ငွေတိုးလုပ်ငန်းများနှင့် အသင်းခွဲများ ရန်ပုံငွေဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအထောက်အပံ့ပေးခြင်းတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ဝင်ငွေရရှေးဦးပြုစုခြင်းဆိုင်ရာ စီးပွားရေးအမြင် ချိတ်ဆက်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Best Western Green Hill Hotel တွင် ကျင်းပခဲ့သည်။
Nov 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက် ၊ ဒီပင်္ကရာဘုရားတန်ဆောင်းတော်တွင် ယမန်နေ့ညနေပိုင်းက (၂၀၉)ကြိမ်မြောက်၊ မြို့နယ်လုံးဆိုင်ရာ ဒီပင်္ကရာဗုဒ္ဓရှင်တော်မြတ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်တွင် ရေသပ္ပါယ်ခြင်း အခမ်းအနားကျင်းပကာ မြို့တွင်းသို့ ဒေသစာရီကြွချီအပူဇော်ခံကြောင်း သိရသည်။
Nov 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမတွင် ယမန်နေ့ညနေ ၃ နာရီက ခရိုင်/မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသည့် စဉ်ဆက်ပညာရေးလုပ်ငန်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Nov 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ငါးသိုင်းချောင်းမြို့မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့မရပ်ကွက်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်အတွင်းရှိ ရေအထိုင်ငုပ်များအား လိုက်လံစစ်ဆေးခဲ့သည်။