ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေးနှင့် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးအတွက် စာဖတ်စွမ်းရည်နှင့်ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကျောက်ဆည် နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့မွန်လွဲ (၁) နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်သည့အလေ့အကျင့်များ ရရှိလာစေရန်နှင့် စဉ်းစားတွေခေါ်မှုမြင့်မားလာစေရေး၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေး၊ စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက တိုးတက်သောလူတိုင်းသည် စာပေဖတ်ရှုသူများဖြစ်ကြောင်း၊ ဘက်စုံထူးချွန်စေရေး အားလပ်ချိန်များတွင် စာအုပ်စာပေများဖတ်ရှုသွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁)အခြေခံပညာကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များအား စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည် ပြန်/ဆက်)