အမြို့မြို့အနယ်နယ်သတင်းများ

Nov 09,2024
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးသွင်းအားစုများနှင့် နှစ်ရှည်သီးနှံပင်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါမြို့နယ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
Nov 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဦးစီးဌာနတွင် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်နေသော တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ဖြစ်သည့် သဘာဝဇီဝမြေဩဇာများ၊ ဇီဝပိုးသတ်ဆေးများအသုံးပြုခြင်းဖြင့် စိုက်ပျိုးမြေဆီလွှာများ ကောင်းမွန်ခြင်း၊ စိုက်ပျိုးသီးနှံအပင်များအပေါ် အကျိုးသက်ရောက်မှုရှိခြင်းများကို လက်တွေ့လေ့လာနိုင်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့သော အကျိုးပြုအဏုဇီဝပိုးများ လက်တွေ့ရှာဖွေအသုံးပြုခြင်းနှင့် ထိန်းသိမ်းခြင်းသင်တန်းဆင်းပွဲနှင့် ငါးမြေဩဇာအရည် ထုတ်လုပ်ခြင်းနည်းပညာလွှဲပြောင်းပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက ဇီဝနည်းပညာသုတေသနဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
Nov 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၄ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၀)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
Nov 09,2024
စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၌ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၂ စီမံကိန်းဖြင့် ဆောင်ရွက်သည့် ဒုတိယအကြိမ် ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှုနည်းပညာဆွေးနွေးပွဲနှင့် ကြံသီးနှံ စံပြကွက်များသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျီးဖြူ ရိုးကျေးရွာ၊ တောင်သူ ဦးသိန်းရွှေ၊ ကွင်းအမှတ် ၁၇၀၉၊ ကြံစိုက်ဧက သုံးဧက၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 09,2024
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက မကွေးခရိုင် အားကစားကွင်း၌ နေပြည်တော်တွင် ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၌ မကွေးတိုင်းဒေသကြီးမှ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင် အားကစားသမားများ စခန်းသွင်းလေ့ကျင့် ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
Nov 09,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနားကျင်းပခဲ့သည်။
Nov 09,2024
နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့်ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို နိုဝင်ဘာလ (၇) ရက်နေ့၊ နံနက်(၅)နာရီအချိန်က ကျင်းပခဲ့ သည်။