မိုင်းယောင်းမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး

မိုင်းယောင်း နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က စဉ်ဆက်ပညာရေးလုပ်ငန်းသင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

မြို့နယ်စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဝမ်ဘိုးကျေးရွာအုပ်စု၊ လော့ဟန်ကျေးရွာ၌ စဉ်ဆက်ပညာရေးလုပ်ငန်း သင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို မြို့နယ်ပညာရေးမှူးရုံးမှ ဒေါ်နန်းမြမြဝင်း၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချို၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုပြီး မုန့်၊ အအေးနှင့် သောက်ရေ သန့်များ ထောက်ပံ့ပေးကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)