ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့စာဖတ်ရှိန်မြှင့်တင်ရေး ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ပန်းတောင်း    နိုဝင်ဘာ    ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းအချိန်က အ.လ.က ကျောက်ဖူးနှင့် အ.လ.က ဆိတ်တဲ ကျောင်းသို့ စာဖတ်ရှိန်​မြှင့်တင်ရေး၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေး ဟောပြောပွဲလုပ်ငန်းများကို ယမန်နေ့နံက်ပိုင်းကကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက ဗလငါးတန်နှင့်ပြည့်စုံသော လူတော်၊ လူကောင်းများ ပေါ်ထွန်းလာစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများကိုလေ့လာဖတ်ရှုမှတ်သားကြရန်၊ အင်တာနက်အသုံးပြုမှု လျော့ကျစေရန်၊ ကျန်းမာကြံခိုင်စေရန် ကာယလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ကြရန်ဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး‌ဒေါ်နှင်းနုနွယ်မှကလေးသူငယ်များ စိတ်ပါဝင်စား‌စေရန်နှင့် ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ပုံပြင်ပြောခြင်းများကိုလည်း ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအားကိုယ်ကာယ လှုပ်ရှားမှု Activity လုပ်ငန်းစဥ်များ လိုက်ပါဆောင်ရွက်စေခြင်းများ၊ နယ်လှည့်စာကြည့်တိုက်မှ စာအုပ်စာစောင်များ ဖတ်ရှုစေခြင်းများပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်နှင့်အမျိုးသား‌နေ့‌ အောင်ပွဲအထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)