Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တောင်ကြီးတက္ကသိုလ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Jul 27,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တောင်ကြီးတက္ကသိုလ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်းဆောင်ရွက်သော ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီက တောင်ကြီးတက္ကသိုလ်ဘက်စုံခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော် တရားသူကြီး ဖျာပုံအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး
Jul 27,2024
ဧရာဝတီတိုင်းဒသကြီး၊ တရားလွှတ်တော် တရားသူကြီးဒေါ်ခင်စန်းဝင်းသည် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ ဖျာပုံခရိုင်တရားသူကြီး ဒေါ်မိုးမိုးခိုင်တို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းအချိန်က ဖျာပုံအကျဥ်းထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အကျဥ်းထောင်တာဝန်ခံအရာရှိက အကျဥ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄)လုံးသွပ်လန်ပျက်စီး
Jul 27,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄)လုံးသွပ်လန်ပျက်စီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jul 27,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် ဦးဟန်သူ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော်တရားသူကြီး ဒေးဒရဲအချုပ်ထောင်အား ကြည့်ရှုစစ်ဆေး
Jul 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော်တရားသူကြီးဒေါ်ခင်စန်းဝင်းသည် တိုင်းဒေသကြီးတရားရေး ဦးစီးမှူးဒေါ်ထွေးထွေး၊ ဖျာပုံခရိုင်တရားသူကြီးဒေါ်မိုးမိုးခိုင်တို့နှင့်အတူ ယနေ့မွန်းလွဲ(၂)နာရီက ဒေးဒရဲအချုပ်ထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အချုပ်ထောင်တာဝန်ခံအရာရှိက အကျဥ်းထောင်အတွင်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ရေသန့်နှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပစ္စည်းများပေးအပ်
Jul 27,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် မြစ်မခမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့တွင် တနင်္သာရီမြစ်ရေကြီးနေသဖြင့် အခြေခံပညာကျောင်း (၅)ကျောင်း ယာယီပိတ်ထား
Jul 27,2024
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၌ ဇူလိုင်လ ပထမပတ်မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေသည် တဖြည်းဖြည်းမြင့်တက်လာပြီး ယမန်နေ့ ညနေ ၆ နာရီအချိန် တိုင်းထွာချက်အရ တနင်္သာရီမြို့နယ်၏ စိုးရိမ်ရေအမှတ်အထက် (၄ ပေ) (၁၂၁.၉၂ cm) အထိ ကျော်လွန်၍ (၂၁ ပေ) (၆၄၀.၀၈-cm) သို့ ရောက်ရှိနေကြောင်း သိရှိရပါသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်၌ ဘေးအန္တရာယ်သိရှိသတိပြုခြင်းနှင့်ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်းနှင့်စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းအကြောင်းအသိပညာပေးဆောင်ရွက…
Jul 27,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ကျောင်းသား/ ကျောင်းသူများအား ဘေးအန္တရာယ်သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်းနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းအကြောင်း အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကြက်သွန်ခင်း-၂ ကျောင်းနှင့် မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ပဲခူးလမ်းကျောင်းများ၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4410
Page
4411
Page
4412
Page
4413
Current page
4414
Page
4415
Page
4416
Page
4417
Page
4418
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department