ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်‌(၄)လုံးသွပ်လန်ပျက်စီး

ပေါင် ဇူလိုင် ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄)လုံးသွပ်လန်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေဘေးသင့်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တနေရာချထားပေးပြီး နေအိမ်အမိုးများအား ယာယီနေထိုင်နိုင်ရန်ပြန်လည်ပြုပြင် ဆောင်ရွက်လျက်ရှိပြီး အခြားလူ/တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)