Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လှိုင်းဘွဲမြို့နယ်၌ မိုးသည်းတန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် အာရှကားလမ်းမပေါ်ရှိ တံတား (၂) စင်း ပြိုကျပျက်စီး
Jul 27,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ပိုင်ကျုံမြို့၊ ကြက်တူရွေးကျေးရွာအုပ်စု ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး) အာရှကားလမ်းမကြီးပေါ်ရှိ ဘုရားကုန်းကျေးရွာအနီး တံတားအမှတ် (၃/၂၂)၊ အရှည် (၂၀) ပေ၊ အကျယ် (၃၀) ပေ၊ အမြင့် (၁၀) ပေရှိသော သံကူကွန်ကရစ်တံတား (၁) စင်းနှင့် ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး) အာရှကားလမ်းမကြီးပေါ်ရှိ ကြက်တူရွေးကျေးရွာအုပ်စု၊ ကွန်းစုကျေးရွာ နှင့် ကော့ကျားမကော်ကျေးရွာအကြား တံတားအမှတ် (၁/၂၃)၊ အရှည် (၁၀) ပေ၊ အကျယ် (၃၀ပေ)၊ အမြင့် (၁၀) ပေရှိသော သံကူကွန်ကရစ် တံတား (၁) စင်း၊ စုစုပေါင်း တံတား (၂) စင်းတို့မှာ တောင်ကျရေတိုက်စားမှုတို့ကြောင့် ဇူလိုင်လ (၂၅) ရက်နေ့ည (၇) နာရီခွဲအချိန်က ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူများအားသွားရောက်ထောက်ပံ့
Jul 27,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့တို့မှတာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီက ကျေးရွာယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူများသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဝင်ရွေးချယ်ခြင်း ပြုလုပ်
Jul 27,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် လက်ခုပ်ကျေးရွာ၌ ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများဖော်ဆောင်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဝင်များရွေးချယ်ဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်၌ မြစ်မခမြစ်ရေတိုက်စားမှုကြောင့် စံရွေး-ညောင်သာယာ တံတားကျိုးပေါက်ပျက်စီး
Jul 27,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် မြစ်မခမြစ်ရေတိုက်စားမှုကြောင့် အလယ်ကုန်း-ဖိုးခေါင်-စံရွေး-ညောင်သာယာကျေးရွာသို့ ဆက်သွယ်ထားသည့် တံတားအမှတ်(၁/၇)၊ အလျား(၁၂၀)ပေ၊ အကျယ်(၁၂)ပေ၊ ဘေလီကွန်ကရစ်သံဘောင်တံတား)မှာ ယမန်နေ့ညနေ ၅ နာရီခွဲခန့် ကျိုးပေါက်ပျက်စီးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 27,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၂) ဆင်းပွဲအခမ်းအနား ကျင်းပ
Jul 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေပိုင်း၌ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့၌ ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ခရိုင်အဆင့်မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှ…
Jul 27,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ခရိုင်အဆင့်မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပ
Jul 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ဇူလိုင်လ (၂၆) ရက်နေ့နံနက် (၉) နာရီ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4409
Page
4410
Page
4411
Page
4412
Current page
4413
Page
4414
Page
4415
Page
4416
Page
4417
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department