အမြို့မြို့အနယ်နယ်သတင်းများ

Jul 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သဇင်ခန်းမတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ  ယာဥ်ထိန်းတပ်ဖွဲ့စု (၃၅)မှ ဆောင်ရွက်ခဲ့သည်။
Jul 27,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ မြို့နယ်ပြန်​ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ​မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်​မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Jul 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဉီးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား  ယမန်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီထိ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦးနှင့်ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့် ဝန်ထမ်းများကလည်း တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
Jul 27,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်  မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၅ ရက်မှစတင်ကာ ဘီးလင်းမြစ်ရေမြင့်တက်လာသည့်အတွက် မြို့ပေါ်ရပ်ကွက် ၄ ခု နှင့် ကျေးရွာ ၆ ရွာတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Jul 27,2024
ပဲခူးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များဖြစ်သော ကျွန်းသာယာ၊ မြို့သစ်၊ ကျောက်ကြီးစု၊ ပြင်စီ၊ ရွာသစ်၊ ဇိုင်းဂနိုင်းတောင်ပိုင်း၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ကလျာဏီရပ်ကွက်တို့အတွင်း ရေဝင်လျက်ရှိပြီး ပဲခူးမြစ်ရေသည် ယနေ့ နေ့လယ် ၁၁ နာရီ တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ် ၈၈၈ စင်တီမီတာအထက် ၉၂၆ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။
Jul 27,2024
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ယမန်နေ့ညနေပိုင်းမှစ၍ မင်းတုန်းချောင်းရေများမြင့်တက်လာမှုကြောင့် မင်းတုန်း-ဘူးတောင်းရွာ ပုသိမ်-မုံရွာ ဆက်သွယ်ရေးလမ်းရေကျော်ပြီး လမ်းဘေးဝဲယာရှိ နှမ်းစိုက်ခင်း၊ ဟင်းသီးဟင်းရွက်နှင့် ဖူးစားပြောင်း စိုက်ခင်းများ ရေကြီးနစ်မြုပ်ခဲ့သည်။