ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော်တရားသူကြီး ဒေးဒရဲအချုပ်ထောင်အား ကြည့်ရှုစစ်ဆေး

ဒေးဒရဲ ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော်တရားသူကြီးဒေါ်ခင်စန်းဝင်းသည် တိုင်းဒေသကြီးတရားရေး ဦးစီးမှူးဒေါ်ထွေးထွေး၊ ဖျာပုံခရိုင်တရားသူကြီးဒေါ်မိုးမိုးခိုင်တို့နှင့်အတူ ယနေ့မွန်းလွဲ()နာရီက ဒေးဒရဲအချုပ်ထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အချုပ်ထောင်တာဝန်ခံအရာရှိက အကျဥ်းထောင်အတွင်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးဒေါ်ခင်စန်းဝင်းနှင့် တာဝန်ရှိသူများသည် အကျဥ်းထောင်အတွင်း အကျဥ်းသား၊ အကျဥ်းသူ၊ အချုပ်သား၊ အချုပ်သူများနေထိုင်သည့် အချုပ်ခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ၎င်းတို့၏ ဥပဒေပါအခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ ဥပဒေ​နှင့်မညီဘဲ မတရားဆောင်ရွက်မှုများ ရှိ/မရှိ၊ အချုပ်တရားခံများအပေါ် ညှင်းပန်းနှိပ်စက်မှု၊ မတရားပြုမှု၊ ဥပဒေအရ ရရှိသော အယူခံပြင်ဆင်အခွင့်အရေးများ မှန်ကန်စွာရရှိပြီး ကျင့်သုံးနိုင်ခြင်းရှိ/မရှိ၊ နေရာထိုင်ခင်း အဆင်ပြေမှု ရှိ/ မရှိနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရ/မရအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးမေးမြန်းခဲ့ပြီး လိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း