အမြို့မြို့အနယ်နယ်သတင်းများ

Jul 28,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ ဒုတိယအကြိမ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၊ တာဝတိံသာကျောင်းတိုက်၌ ကပ်လှူပူဇော်ခဲ့ကြသည်။
Jul 28,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊   အမှတ်(၂)ရပ်ကွက်၊  ကျောင်းကုန်းရပ် ဆုတောင်းပြည့် ရတနာမာန်အောင်ငါးထပ်ကြီးဘုရား ဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ရေး (ပဥ္စမအကြိမ်)အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါဘုရားဝန်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
Jul 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ်(၁၂)ရပ်ကွက်တွင် င၀န်မြစ်​ရေမြင့်တက်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှု​တို့ကြောင့် ​ရွှေ့ပြောင်းနေထိုင်ခဲ့သည့် ယာယီရေဘေးရှောင်အိမ်‌ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေနှင့် ကာဘော်လစ်ဆပ်ပြာများအား ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။
Jul 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် " ပညာတံခွန်"(ပညာရေး) ငွေစုငွေချေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊အရပ်ရပ်ဆိုင်ရာသင်းလုံးကျွတ်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက အ.ထ.က(စဉ့်ကိုင်) သဇင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jul 28,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နေ့လည်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် မြန်အောင်ခရိုင်အတွင်းရှိ ရေလှောင်တမံများ၏ကြံ့ခိုင်မှုအခြေအနေများ၊ ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲမှ ရေထုတ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Jul 28,2024
သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများစုပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မြိူ့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဋ္ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
Jul 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သောအဖွဲ့သည် မြိုနယ်အတွင်းရှိ ရေတံခါးများ၊ ကမ်းပတ်တာအခြေအနေများအား စဉ်ဆက်မပြတ်လိုက်လံ ကြည့်ရှုစစ်ဆေးလျက်ရှိရာ ယမန်နေ့နေ့လည်၂နာရီခွဲအချိန်ခန့်က ထပ်မံ၍လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Jul 28,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက်ကာလတို/ကာလရှည်သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန် ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာ(၁၈၀၀)ကျပ် စျေးရောင်းချရကြောင်း သိရသည်။