အမြို့မြို့အနယ်နယ်သတင်းများ

Jul 28,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူလေးများက “မြန်မာ့ကျောင်း သီချင်း"ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
Jul 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးဆု ရရှိခဲ့သောကျောင်းများ၊ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် ဂုဏ်ထူးရအောင်သင်ကြားပေးခဲ့ကြသည့် ဆရာ/မများအားဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို အ.ထ. က(၁)၊ ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Jul 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့အတွင်း ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက် နှင့်ကျေးရွာအုပ်စု အချို့ရှိ မြေနိမ့်ပိုင်းနေရာများတွင် ငဝန်မြစ်ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည်။
Jul 28,2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးရှောင်ပြည်သူ များအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဘီးလင်းမြို့၊ ဘိုးရာဇာ ရပ်ကွက် ရေဘေးကယ်ဆယ်ကွပ်ကဲရေးရုံး၌ ပြုလုပ်သည်။
Jul 28,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ‌ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ/ ဆရာမများက ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ သစ်ပင်များအလင်းဖွင့်ခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
Jul 28,2024
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည်  ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့၊ နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ၊ အလှပ်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် ကမ်းရိုးတန်းဒေသ တစ်ခုဖြစ်ပြီး ကမ်းရိုးတန်း တစ်လျှောက်လုံးရဲ့ ဂေဟစနစ်များ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး၊ ကမ်းရိုးတန်း သယံဇာတများကို စနစ်တကျစီမံအုပ်ချုပ်နိုင်ရေး အထူးအလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသခံ ပြည်သူများအနေဖြင့်လည်း ဒီရေတောများ ကာကွယ်ထိန်းသိမ်းရေး၊ လေပြင်းဒဏ်ခံနိုင်တဲ့ သစ်မျိုးများ စိုက်ပျိုးခြင်းဖြင့် ဒီရေတောများ ကာကွယ်ထိန်းသိမ်း ကာကွယ်ရေးစတဲ့ လုပ်ငန်းစဉ်တွေကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကား ပြောကြားခဲ့သည်။
Jul 28,2024
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၌ ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ် စဉ်များကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့သို့ ဒေသခံပြည်သူများအနေဖြင့် ယာယီနေ့ရပ်စွန့်ခွာ၍ ရောက်ရှိလျက်ရှိသည်။