ကြို့ပင်ကောက်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ရေသန့်နှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပစ္စည်းများပေးအပ်

ကြို့ပင်ကောက် ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် မြစ်မခမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြစ်မခမြစ်အတွင်းသို့ မြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့် ကျောက်ဝကျေးရွာအုပ်စု ထန်းကုန်းကျေးရွာနှင့်ညောင်တန်းကျေး ရေဘေးသင့်ပြည်သူများအတွက် ထမင်းဘူး ၆၁၀ ဘူးနှင့် ရေသန် ၁ လီတာဘူး ၆၀၀ အား မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့နှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာရှင်ပြည်သူများက စုပေါင်းလှူဒါန်းခဲ့ကြာင်း သိရသည်။

နောက်ရက်များတွင်လည်း အောင်ချမ်းသာကျေးရွာသို့ သွားရာက်လှူဒါန်းသွားမည်ဖြစ်ကြောင်း လှူဒါန်းလိုသည့်စေတနာရှင်ပြည်သူများက အရန်မီးသတ် ဒုတပ်ရင်းမှူး ဦးအေးမင်းဦး ဖုန်း ၀၉ ၆၉၆၄၁၄၈၇၇ သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဇေယျာထွန်း( ကြို့ပင်ကောက်)