ဖျာပုံ ဇူလိုင်၂၇
ဧရာဝတီတိုင်းဒသကြီး၊ တရားလွှတ်တော် တရားသူကြီးဒေါ်ခင်စန်းဝင်းသည် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ ဖျာပုံခရိုင်တရားသူကြီး ဒေါ်မိုးမိုးခိုင်တို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းအချိန်က ဖျာပုံအကျဥ်းထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အကျဥ်းထောင်တာဝန်ခံအရာရှိက အကျဥ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးဒေါ်ခင်စန်းဝင်းနှင့် တာဝန်ရှိသူများသည် အကျဥ်းထောင်အတွင်း အကျဥ်းသား၊ အကျဥ်းသူ၊ အချုပ်သား၊ အချုပ်သူများနေထိုင်သည့် အဆောင်များ၊ စားဖိုဆောင်၊ ဆေးပေးခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ၎င်းတို့၏ ဥပဒေပါအခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ နေရာထိုင်ခင်း အဆင်ပြေမှု ရှိ/မရှိ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မျှတမှု ရှိ/မရှိနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရ/မရ အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးမေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အကျဥ်းထောင်တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)