Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြစ်သားမြို့နယ် မြင်းကြီးကျေးရွာအုပ်စုတွင် မြေအောက်ရေကို အသုံးပြုပြီး စိုက်ပျိုးထားသော သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိ
Nov 04,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ မြင်းကြီးကျေးရွာအုပ်စု ကွင်းအမှတ် (၆၃၀) ကွင်းရှိ ကျေးလက်နေတောင်သူများသည် မြေအောက်ရေကို အသုံးပြုကာ စိုက်ပျိုးထားသော သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်၌ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသားများအား နေကြာမျိုးစေ့များ ပေးအပ်
Nov 04,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသားများသို့ ဆောင်းဆီထွက်သီးနှံ (နေကြာမျိုး) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ Student participation initiative SPI အကောင်…
Nov 04,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ပညာ့ရိပ်မွန်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ Student participation initiative SPI အကောင်အထည်ဖော်ရေးလုပ်ငန်း မြို့နယ်အဆင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ ပြည်မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းနှစ်ဦး အပါအဝင် မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး ၇၆ ဦးနှင့် နည်းပြ ၄ ဦး၊ စုစုပေါင်း ၈၂ ဦး တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်မှ ရာမညရက်ကန်းစင်တော်အမည်ဖြင့် သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဩဝါဒခံယူပွဲ အခမ်းအန…
Nov 04,2024
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက် (၁၃-၁၁-၂ဝ၂၄)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ (၁၅-၁၁-၂ဝ၂၄) ရက်နေ့အထိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲသို့ မွန်ပြည်နယ်မှ ရာမညရက်ကန်းစင်တော်အမည်ဖြင့် သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့တွင် ဆောင်းသီနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Nov 04,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာလုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလက်ရှိရာ ယနေ့နံနက်ပိုင်းက ရှမ်းကုန်းကျေးရွာအုပ်စုကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ၂၀၂၄- ၂၀၂၅ ခုနှစ်၊ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှု (မြို့နယ်အဆင့်) ဆွေးနွေးပွဲသင်တန်း ကျင်း…
Nov 04,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှု "Student Participation Initiative (SPI)" အကောင်ထည်ဖော်ဆောင်ရွက်မှုများ (မြို့နယ်အဆင့်) ဆွေးနွေးပွဲ သင်တန်းကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့ဘိုးဘွားရိပ်သာရှိအဖိုးအဖွားများအား စဉ်ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
Nov 04,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ဘိုးဘွားရိပ်သာရှိ အဖိုးအဖွားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးကို ယမန်နေ့က ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့မှ ဆရာဝန်နှင့်သူနာပြုများက ကျန်းမာရေးစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့အတွင်းရှိ စျေးများ၌ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Nov 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာကို ယနေ့နံနက်(၁၁) နာရီအချိန်က အမှတ် (၁) ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3808
Page
3809
Page
3810
Page
3811
Current page
3812
Page
3813
Page
3814
Page
3815
Page
3816
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department