ကလေး နိုင်ဝင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ဘိုးဘွားရိပ်သာရှိ အဖိုးအဖွားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးကို ယမန်နေ့က ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့မှ ဆရာဝန်နှင့်သူနာပြုများက ကျန်းမာရေးစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကလေးမြို့ဘိုးဘွားရိပ်သာ ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့မှ Dr တင်မောင်ဝေနှင့်အဖွဲ့က ကလေးမြို့ဘိုးဘွားရိပ်သာရှိအဖိုးအဖွားများအား ကျန်းမာရေးအတွက် စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးများတိုက်ကျွေးရန် လမ်းညွှန်မှုပေးခြင်းနှင့် ဆေးရုံဆေးခန်းများသို့ လွှဲပြောင်းကုသရန်လိုအပ်သောအဖိုးအဖွားများကို ပို့ဆောင်ကုသနိုင်ရေးအတွက် လမ်းညွှန်ပေးခဲ့ သည်။
ဘိုးဘွားရိပ်သာမှ အမှုဆောင်များနှင့်အကူသူနာပြုများကလည်း ဆရာဝန်များ၏ လမ်းညွှန်ချက်နဲ့အညီ အဖိုးအဖိုးများအား ကျန်းမာရေးအတွက် စောင့်ရှောက်ဆောင်ရွက်လျက်ရှိပြီး လစဉ် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေသော Dr တင်မောင်ဝေနှင့် ဆရာဝန်၊ သူနာပြုတို့အား ရိပ်သာကော်မတီအဖွဲ့က ဂုဏ်ပြုလက်ဆောင်ခြင်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)