အမြို့မြို့အနယ်နယ်သတင်းများ

Nov 04,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်တရားမဝင် သစ်ထုတ်ယူမှုလျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်မွန်းလွဲ (၃)နာရီအချိန်က ဟိုင်းလိုက်ကျေးရွာအုပ်စု၊(၂၉)မိုင်ကျေးရွာ စာသင်ကျောင်းတွင် ကျင်းပခဲ့​သည်။
Nov 04,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 04,2024
၂၀၂၄- ၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၌ ဆောင်းသီးနှံပဲမျိုးစုံ ၄၀၉၆၅ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။
Nov 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌နှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Nov 04,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားရေးအတွက် မြေအောက်ရေဖြင့် ဆောင်းသီးနှံ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ စိုက်ပျိုးရေးလုပ်ငန်းကို စတင်စိုက်ပျိုး လုပ်ကိုင်နေကြကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
Nov 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရတပ်ဦးကျောင်း၊ မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ ဝိဇ္ဇာကာသီ သိရီကမ္မဋ္ဌာနာစရိယ (သီရိလင်္ကာနိုင်ငံ)Ph.D (Social Science),Ph.D (Vipassan Bhvan)Thailand နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုဘွဲ့တံဆိပ်တော်ရ ပြည်တွင်းပြည်ပ ကမ်ဘာ့ဗုဒ္ဓသာသနာပြု၊ အောင်ဆန်းဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရထေရ်ရှင်မြတ်အား အမှူးထားပြီး ရာဂီမုန်းတိုင်းကြောင့် ကွယ်လွန်သွားကြသော ပုဂ္ဂိုလ်များ ရည်စူးပြီး ကောင်းမှုကုသိုလ်များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အောင်ဆန်းတောရတပ်ဦးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 04,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အခြေခံပညာဦးစီးဌာနကကြီးမှူးကျင်းပသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများအကောင်အထည်ဖော်ရေး (Student Participation Initiatives- SPI)  မြို့နယ်အဆင့်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.ထ.က မင်းလှ (မြို့ပြင်)၌ ကျင်းပပြုလုပ်ခဲ့သည်။