ပေါက်ခေါင်းမြို့နယ်၌ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသားများအား နေကြာမျိုးစေ့များ ပေးအပ်

ပေါက်ခေါင်း နိုဝင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသားများသို့ ဆောင်းဆီထွက်သီးနှံ (နေကြာမျိုး) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် သမဝါယမကဏ္ဍမှ နေကြာစိုက်ပျိုးရေးစီမံကိန်းကို အသင်း(၃)သင်း၊ အသင်းသား(၃၅)ဦးတို့၏ စိုက်ဧက(၁၅၀)တွင် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောင်းဆီထွက်သီးနှံ နေကြာရေဆင်းစပ်မျိုး (၁)နေကြာတစ်မျိုးတည်းကိုသာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ဧက(၁၅၀)အတွက် ရေဆင်းစပ်မျိုး(၁) နေကြာမျိုးစေ့များကို မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများက ‌အသင်းသားတောင်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)