အမြို့မြို့အနယ်နယ်သတင်းများ

Nov 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပြည်ငြိမ်းအေးကျောင်းတိုက် ဓမ္မာရုံတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ လေးမျက်နှာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေး အထောက်အကူပြု ကြိမ်နှင့်ဝါး လက်မှုပညာ အခြေခံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Nov 05,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေးခြင်းလုပ်ငန်းအား ယမန်နေ့ နံနက် ၈ နာရီက အမှတ်(၃)ရပ်ကွက် ဗိုလ်ချုပ်လမ်း၊ မော်တော်ယာဉ်ရုံးရှေ့၌ တာဝန်ရှိဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြသည်။
Nov 05,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကျင်းပခဲ့သည်။
Nov 05,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းမှ ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)၊ ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ၊ အင်ဂျင်နီယာချုပ်(မြို့ပြ)ဦးကျော်ကျော်ထွေးနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Nov 05,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဆွဲလဲချောင်းကျေးရွာ၊ ကွင်းအမှတ်(၂၉၁-က) ဦးပိုင်အမှတ်(၁/၁)ရှိ တောင်သူ ဒေါ်ခင်အေး၏ စပါးသီးနှံတွင် သဘာဝမြေသြဇာ ပေါင်းစပ်အကျိုးပြုမှုကို လေ့လာခြင်း သုတေသနစံပြကွက်ဆင်းသုခမျိုး အားမိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Nov 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၄ ရက်နေ့ ညနေပိုင်းက ၂၀၂၄ ခုနှစ် ခရိုင်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂ဝ၂၄) ကျင်းပပြုလုပ်ခဲ့သည်။
Nov 05,2024
၂၀၂၄ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာ၀တီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။