ရွှေတောင် နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှု "Student Participation Initiative (SPI)" အကောင်ထည်ဖော်ဆောင်ရွက်မှုများ (မြို့နယ်အဆင့်) ဆွေးနွေးပွဲ သင်တန်းကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သတ်၍ အဖွင့်အမှာစကား ပြောကြားသည်။ အဆိုပါသင်တန်းအား သင်တန်းနည်းပြ (၂) ဦး၊ ပညာရေးရုံးအဖွဲ့ (၂) ဦးတို့ဖြင့် အခြေခံပညာအထက်တန်းနှင့် အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး (၄၇)ဦး သင်တန်းတက်ရောက်ခဲ့ကြပြီး သင်တန်းကာလ (၄-၁၁-၂၀၂၄) မှ (၆-၁၁-၂၀၂၄) ရက်နေ့ထိ (၃)ရက် ဆွေးနွေးကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)