မင်းလှ နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာလုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလက်ရှိရာ ယနေ့နံနက်ပိုင်းက ရှမ်းကုန်းကျေးရွာအုပ်စုကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
ချေးငွေများထုတ်ချေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်အေးအေးမှုံက ချေးငွေစည်းကမ်းချက်များ၊ အတိုးနှုန်းချေးငွေများ၊ နောက်ဆုံးပေးဆပ်ရန် ကာလ၊ ချေးငွေများအား ဘဏ်ခွဲသို့ ကိုယ်တိုင်လာရောက်ထုတ်ယူပြီး ကိုယ်တိုင်ပေးဆပ်ရန်၊ ချေးငွေများကို စိုက်ပျိုးစရိတ်ထုတ်လုပ်မှု၌သာ အကျိုးရှိစွာသုံးစွဲကြရန်ပြောကြားသည်။
ထို့နောက် ရှမ်းကုန်းကျေးရွာအုပ်စုအတွင်းတောင်သူ(၆၇)ဦး၏ ဧက ပေါင်း(၄၂၀)ဧကအတွက် တစ်ဧကလျှင် တစ်သိန်းကျပ်နူန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေ (၄၂၀၀၀၀၀၀) ကျပ်အား ထုတ်ချေးပေးခဲ့သည်။
မင်းလှမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၅၄)အုပ်စုမှဧကပေါင်း (၅၄၂၄၃)ဧကအတွက် ၂၀၂၄ ခုနှစ်၊ ဆောင်းသီနှံစိုက်ပျိုးစရိတ်ချေးငွေပေါင်း (၅၄၂၄၃၀၀၀၀၀)ကျပ်အား ဒီဇင်ဘာလကုန်အထိ အပြီးသတ်ထုတ်ချေးပေးရန်လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ပေါက်စ (မင်းလှ)