အမြို့မြို့အနယ်နယ်သတင်းများ

Nov 05,2024
မကွေးတိုင်းဒေသကြီး(၃၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စုပေါင်းဘုံကထိန်ဖြစ်မြောက်ရေး ဦးစီးကော်မတီနာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Nov 05,2024
ပျဉ်းမနားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်   ပျဉ်းမနားမြို့နယ်၊ သဲကျွန်းကျေးရွာနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသို့  သွားရောက်ငှားရမ်းပေးကြသည်။
Nov 05,2024
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးရာဇာ၊ ဦးဝင်းအောင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ် အလယ်ကျွန်းအုပ်စု၊ တံတားကြီးကျေးရွာရှိပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပသည်။
Nov 05,2024
ကြက်ခြေနီလှုပ်ရှားမှုများကို အများပြည်သူ ပိုမိုသိရှိနားလည်စေရန်နှင့် ကြက်ခြေနီ လှုပ်ရှားမှုများတွင် ပိုမိုပါဝင်ဆောင်ရွက်လာစေရန်အတွက် ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပြုလုပ်လျက်ရှိရာ ယမန်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွက် ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ Summit Parkview Hotel တွင် ကျင်းပခဲ့သည်။
Nov 05,2024
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် စာဖတ်ရှိန် မြှင်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ‌၃ ရက်နေ့မွန်းလွဲ(၁)နာရီက အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပြုလုပ်ခဲ့သည်။
Nov 05,2024
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၉) ရက်မှ (၂၀) ရက်နေ့အထိ နေပြည်တော်တွင်ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၃) တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။
Nov 05,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အမှတ် (၂) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ) မှ တပ်ဖွဲ့စိတ်မှူးနှင့် တပ်ဖွဲ့ဝင်များက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က (ခွဲ) သုံးဆယ်ကျောင်း၌ ကျင်းပခဲ့သည်။