Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်
Nov 02,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade 11 နှင့် Grade 12 တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဘာသာရပ်သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(Training of Trainer) (TOT) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲရေးဌာနချုပ်မှူး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းပို့ချမည့် ဥပဒေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြစိမ်းရောင်စီမံကိန်းကျေးရွာများသို့ ဒေသတိုင်းရင်းကြက်များမွေးမြူနိုင်ရေး ဖြန့်ဝေပေး
Nov 02,2024
ဒေသတိုင်းရင်းကြက်များ ကျယ်ပြန့်စွာမွေးမြူနိုင်ရေး၊ အသားစားရိက္ခာများဖူလုံစေရေးအတွက်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ မြစိမ်းရောင်စီမံကိန်းကျေးရွာ(၅)ရွာသို့ ဒေသတိုင်းရင်းကြက်များ ဖြန့်ဝေပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိဇံမွေးမြူရေးဇုန် ကျောက်ချောလမ်းသစ်များဖွင့်၊ တောင်သူများအား ဆီထွက်နေကြာမျိုးစေ့၊ မတ်ပဲ၊…
Nov 02,2024
(၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မိဇံမွေးမြူရေးဇုန် ကျောက်ချောလမ်းသစ်များဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါ ကျောက်ချောလမ်းသစ်များမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့၌မြို့တွင်းသန့်ရှင်းရေးဌာနဆိုင်ရာများစုပေါင်းဆောင်ရွက်
Nov 02,2024
ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း လမ်းဘေးဝဲယာရှိ ချုံနွယ်များကို ယနေ့နံနက် ၉ နာရီက ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေးဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲ(သင်တန်း)ဖွင့်ပွဲအခမ်းအနား ဒ…
Nov 02,2024
အခြေခံပညာကျောင်းများတွင် ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန်၊ အစပျိုးလှုပ်ရှားမှုများ လုပ်ဆောင်ရသည့်အကြောင်းအရင်းများ၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်စေရန်နှင့် ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု၊ အသင်းအဖွဲ့များဖွဲ့စည်းဆောင်ရွက်ခြင်းကို တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီရန်ရည်ရွယ်ချက်များဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုး လှုပ်ရှားမှုများ(Student Participation Initiatives- SPI) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ဆွေးနွေးပွဲ(သင်တန်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အနောက်ရေပြားတောကျေးရွာတွင် (နဝမ)အကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ ထုတ်ချေးပေး
Nov 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အနောက်ရေပြားတောကျေးရွာတွင် (နဝမ)အကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ (၃၃) ကြိမ်မြောက် တစ်ဆုပ်ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း
Nov 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံးတော်မူသော သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက် လစဥ် တစ်ဆုပ်ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ (၃၃) ကြိမ်မြောက် ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက နမ့်လောက်ကျေးရွာအုပ်စု၊ ဆုတောင်းပြည့်ဓါတ်စွမ်တောက်ကမ္မဌာန်းကျောင်းတိုက်၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂန္ဓာရုံဘုန်းတော်ကြီးသင်ပညာရေးအလယ်တန်းကျောင်း၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်
Nov 02,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမရပူရမြို့၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ ဂန္ဓာရုံဘုန်းတော်ကြီးသင်ပညာရေးအလယ်တန်းကျောင်း၌ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3811
Page
3812
Page
3813
Page
3814
Current page
3815
Page
3816
Page
3817
Page
3818
Page
3819
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department