Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် သမဝါယမစိတ်ဓာတ်…
Nov 06,2024
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် သမဝါယမစိတ်ဓာတ်ထွန်းကားပြန့်ပွားရေးဆိုင်ရာ ဆုချီးမြှင့်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေး ဦးအောင်ချို၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆုရကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထူးဂုဏ်(တောင်ဝိုင်း-ကော့ဌေး-နောင်သကန်) ကွန်ကရစ်လမ်းသစ်ဖွင့်
Nov 06,2024
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဘားအံမြို့နယ်၊ ထူးဂုဏ် (တောင်ဝိုင်း-ကော့ဌေး-နောင်သကန်) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို အဆိုပါလမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း
Nov 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတ မြို့နယ်တွင် (၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Nov 06,2024
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ် မြန်မာနိုင်ငံစာရေး ဆရာအသင်းတို့ပူးပေါင်း ဆောင်ရွက်သော လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးခန့်တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်၌ မိုးစပါးစံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
Nov 06,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် တောင်သူများ မျိုးကောင်းမျိုးသန့်စပါးများ အသုံးပြု စိုက်ပျိုးနိုင်ရေးနှင့် မိုးစပါးတစ်ဧက အထွက်နှုန်းမြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက နတ်မှော် ကျေးရွာ ကွင်းအမှတ်(၆၁၃)ရှိ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ထုတ်စိုက်ခင်း (၂)ဧကတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် လှည်းကြီးကျေးရွာ(အ.မ.က)ကျောင်းတွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြ…
Nov 06,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုနှင့်မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု၊ လှည်းကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Nov 06,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းတို့ကို ယမန်နေ့နံနက် ၁၀ နာရီက အ.မ.က (မူလွန်)ဖအောင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့မစျေး၌အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရေးကွင်းဆင်းစစ်ဆေး
Nov 06,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ချောက်မြို့မစျေးအတွင်း အရောင်းချလျက်ရှိသော အသားဆိုင်များတွင် အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချစေရေးအပတ်စဥ် ကွင်းဆင်းကြပ်မတ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3800
Page
3801
Page
3802
Page
3803
Current page
3804
Page
3805
Page
3806
Page
3807
Page
3808
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department