ပြင်ဦးလွင် နိုဝင်ဘာ ၅
၂၀၂၄ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာ၀တီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန့်ဇော်ဦးမှ ၂၀၂၄ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအနေနှင့် ကာယ ၊ ဉာဏ၊ စာရိတ္တဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် ဆက်လက်ကြိုးစားပြီး လေ့လာသင်ယူကြရန်နှင့် နိုင်ငံတော်က အားထားရသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာအောင် ကိုယ်စွမ်း ၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားကြရန်နှင့် မိဘများအနေဖြင့်လည်း မိမိတို့သားသမီးများ ဆက်လက်သင်ယူမည့် တက္ကသိုလ်ပညာရေး ဆုံးခန်းတိုင်အောင် သင်ယူနိုင်ရေးအတွက် ဆက်လက်ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိများမှ ၂၀၂၄ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၆)ဘာသာ၊ (၅)ဘာသာ၊ (၄)ဘာသာ၊ (၃) ဘာသာ၊ (၂)ဘာသာ၊ (၁)ဘာသာ ဂုဏ်ထူးရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်များနှင့် ဂုဏ်ပြုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။
ခရိုင် ( ပြန်/ဆက် )