အုတ်တွင်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကျင်းပ

အုတ်တွင်း နိုဝင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဆွဲလဲချောင်းကျေးရွာ၊ ကွင်းအမှတ်(၂၉၁-က) ဦးပိုင်အမှတ်(၁/၁)ရှိ တောင်သူ ဒေါ်ခင်အေး၏ စပါးသီးနှံတွင် သဘာဝမြေသြဇာ ပေါင်းစပ်အကျိုးပြုမှုကို လေ့လာခြင်း သုတေသနစံပြကွက်ဆင်းသုခမျိုး အားမိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့် ခရိုင်စိုက်ပျိုးရေး/ မွေးမြူရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး/ မွေးမြူရေးကြီးကြပ်မှု အဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်းနှင့် မိုးစပါးများ ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်း အစိုတင်း  (၁၉)၊ အခြောက်တင်း (၁၀၈ဒဿမ၂၉) ထွက်ရှိခဲ့ပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)