မဲဇလီကုန်း-လေးကြီး ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

အင်္ဂပူ နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)၊ ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ၊ အင်ဂျင်နီယာချုပ်(မြို့ပြ)ဦးကျော်ကျော်ထွေးနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ကွင်းဆင်းကြည်ရှုစစ်ဆေးရာတွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်တင်တင်မိုးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ​​ငွေ ကျပ်သန်း ၁၅၃.၄၃၅ ဖြင့် Grow Success Co.,ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မဲဇလီကုန်း-လေးကြီး ကျေးလက်လမ်းအရှည် (၀/၄) မိုင်၊ အကျယ် ၁၆​ပေ၊ အမြင့် ၁၄ လက်မအား ကျောက်ချောခင်းခြင်းဆောင်ရွက်‌နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့‌နောက် ဧရာဝတီတိုင်း‌ဒေသကြီးတာဝန်ခံအင်ဂျင်နီယာချုပ်(မြို့ပြ)မှ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စောလျင်စွာနှင့်အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)