တန့်ယန်းမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

တန့်ယန်း နိုဝင်ဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေးခြင်းလုပ်ငန်းအား ယမန်နေ့ နံနက် ၈ နာရီက အမှတ်(၃)ရပ်ကွက် ဗိုလ်ချုပ်လမ်း၊ မော်တော်ယာဉ်ရုံးရှေ့၌ တာဝန်ရှိဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြသည်။

အဆိုပါ ဆောင်ရွက်နေမှုတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိဌာနဆိုင်ရာများက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး ပြည်သူများသိရှိကာ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ရှောင်တခင်စစ်ဆေး၍ အသိပညာပေးခဲ့ကြောင်း သိရသည်။                                             မင်းလွင်ဦး(တန့်ယန်း)