အမြို့မြို့အနယ်နယ်သတင်းများ

Nov 07,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ အသိပညာဗဟုသုတများရရှိစေရေး၊  ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ရရှိစေရေးအတွက်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ညောင်ကားယားကျေးရွာအုပ်စု၊ သင်္ကန်းမြောင်အခြေခံပညာ မူလတန်းလွန်ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့်  စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
Nov 07,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၄ ခုနှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံး၊ မြဧရာ(၁)ခန်းမတွင် ကျင်းပြုလုပ်သည်။
Nov 07,2024
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက်နှစ်ပတ်လည်‌နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်က သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သုဝဏ္ဏဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Nov 07,2024
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးဌာန၏ (၃၆) နှစ်မြောက်၊ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မန်းတောင်ခြေရှိ၊ အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Nov 07,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) ကြိမ်မြောက် နှစ်ပတ်လည်နေ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် အာဟာရပစ္စည်းများနှင့် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ရွှေဘိုပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ခဲ့သည်။
Nov 07,2024
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၆ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။
Nov 07,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ၂၀၂၃-၂ဝ၂၄ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီက အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၊ ဧသီဒါခန်းမတွင် ကျင်းပပြုလုပ်သည်။