အမြို့မြို့အနယ်နယ်သတင်းများ

Nov 07,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရေး၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် နိုင်ငံတော်၏ လှူဒါန်းထောက်ပံ့ငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာ၊ ပညာဘဏ်တိုက်စာကြည့်တိုက်အဆောက်အအုံကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လက စတင်ပြီး ဆောက်လုပ်လျက်ရှိရာ နိုဝင်ဘာလ ၆ ရက်‌နေ့အထိ  (၉၀) ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
Nov 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး မုံ့ပေါင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်း စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့ မွန်းလွဲ (၂) နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Nov 07,2024
ရန်ကုန်တိုင်း​ဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် (၃၆) နှစ်​မြောက် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန နှစ်ပတ်လည်​နေ့ကို ဂုဏ်ပြု​သောအားဖြင့် ရန်ကုန်တိုင်း​ဒေသကြီးအတွင်းရှိ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဝန်ထမ်းများ စု​ပေါင်း​သွေးလှူဒါန်းပွဲ အခမ်းအနားကို ယ​မန်​နေ့က လသာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်​၊ ​ရွှေတိဂုံဘုရားလမ်းရှိ အမျိုးသား​သွေးလှူဌာနတွင် ပြုလုပ်ခဲ့သည်။
Nov 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မိမိတို့မြို့နယ်တွင်း Plastic Campain အစီအစဉ်အား ယနေ့က ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ထွေ/အုပ် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှုးများပါဝင်သော အဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြသည်။
Nov 07,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက စဉ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
Nov 07,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်များမြင့်မားတိုးတက်ရေးအတွက် ရုံးစာရေးသားနည်းသင်တန်း အမှတ်စဥ်(၃/၂၀၂၄)ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Nov 07,2024
စစ်ကိုင်းတိုင်း‌ဒေသကြီး မုံရွာခရိုင်အတွင်း ယခုနှစ် ဆောင်းသီးနှံစိုက်ရာသီတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့်နေကြာစသည့် သီးနှံမျိုးစုံ ၁၃၉၇၀၁ ဧကလျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။