Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကွင်းဆင်းဆောင်ရွက်
Nov 07,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန် မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း (မိုးတိမ်ပြင်)နှင့် (ဘူးပြော) ကျောင်းတို့တွင် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်
Nov 07,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက အမက(လွန်)ဒေးဗိန်ကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Nov 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကံဆွယ်ကျေးရွာအုပ်စု၊ တောင်းတောကုန်းကျေးရွာ၌ စိုက်ပျိုးရေးတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြရာ ယခုအချိန်တွင် အထွက်နှုန်းကောင်း၊ စျေးကောင်းရရှိသည့် မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးသည့်ကွင်းအမှတ် ၅၄၉ (ခ) ကွင်းတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဝါစိုက်တောင်သူ ဦးအောင်ဆန်းဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်"The 5th International Conference on Advanced Information Technologies…
Nov 07,2024
၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကျရောက်သော မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ် (၁၀၀) ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ ကြီးမှူးကျင်းပသည့် "The 5th International Conference on Advanced Information Technologies (ICAIT 2024)" ဖွင့်ပွဲကို ရန်ကုန်မြို့MICT Park (Conference Hall) တွင် ယနေ့နံနက် (၉ )နာရီတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲကျင်းပ
Nov 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ သစ်တောဦးစီးဌာနမှ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ (၄) ရက်နေ့ နံနက်ပိုင်းက မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Nov 07,2024
ကျောင်းသား၊ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား တက်ရောက်
Nov 07,2024
(၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင် တောင်တွင်းကြီးမြို့ ဝါကြိတ်စက်ရုံကြည့်ရှုစစ်ဆေး၊ ချည်မျှင်ရှည်ဝါ…
Nov 07,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ယမန်နေ့နံနက်ပိုင်းက ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မကွေးတိုင်းဒေသကြီး၊ အမှတ်(၄) အထည်ချုပ်စက်ရုံခွဲ(ပွင့်ဖြူ)လက်အောက်ရှိ တောင်တွင်းကြီးမြို့ ဝါကြိတ်စက်ရုံ ကြည့်ရှုစစ်ဆေးခြင်းနှင့် တောင်တွင်းကြီးမြို့နယ်၊ ရေတွင်းကောင်းကျေးရွာနှင့် စမ်းကြီးကျေးရွာရှိ ချည်မျှင်ရှည်ဝါစိုက် တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3790
Page
3791
Page
3792
Page
3793
Current page
3794
Page
3795
Page
3796
Page
3797
Page
3798
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department