အမြို့မြို့အနယ်နယ်သတင်းများ

Nov 07,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သားရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်းရှိ/မရှိ ယမန်နေ့ နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြသည်။ 
Nov 07,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်​ရေးအဖြစ် ဗလငါးတန်ဖွံ့ဖြိုး​စေရေး အသိပညာ​ပေး​ဟော​ပြောခြင်း၊ နံရံကပ်စာ​စောင်နှင့်စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မူလွန်(ဝယ်သွန်​ချောင်) ​ကျောင်း၌ ဆောင်ရွက်သည်။
Nov 07,2024
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၁၀/၂၀၂၄) အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Nov 07,2024
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အမှတ် (၂၅) အခြေခံပညာ မူလတန်းကျောင်း၌ ယနေ့နံနက် (၁၀)နာရီအချိန်၌ ကျောင်းသား၊ ကျောင်းသူများကို (၁၀၄)နှစ်မြောက်အမျိုးသား​အောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောခြင်း၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတ မြို့နယ်ရုံးမှဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Nov 07,2024
(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ သီရိကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒုံးအကပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
Nov 07,2024
စစ်ကိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် EDNA Myanmar တို့ပူးပေါင်း၍ Human Resource(HR) သင်တန်းကို နိုဝင်ဘာလ(၅)ရက်နေ့က ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Nov 07,2024
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ယနေ့မွန်းလွဲ (၁) နာရီအချိန်တွင် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်သည့် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ နေပြည်တော်ကောင်စီနယ်မြေအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။