၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

မန္တလေး နိုဝင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ၂၀၂၃-၂ဝ၂၄ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီက အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၊ ဧသီဒါခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊အတွင်းရေးမှူး ဒုတိယရဲမှူးကြီး စိန်ယု၊ အဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဗိုလ်မှူးကြီး‌‌ သိန်းအောင်ထွေး၊ ဦးသန်းထွန်း‌အောင်၊ ဦးတင်မောင်ဝင်း၊ ခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေးနှင့် ကျောင်းအုပ်ကြီးများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

အစီအစဉ်အရ အထက (၈) ကျောင်းမှ Grade-9 ကျောင်းသူလေးများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ" သီချင်းဖြင့် ဖျော်ဖြေကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ကြပြီး  ထူးချွန်စွာအောင်မြင်သူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် အထက(၈)ကျောင်းမှ Grade-9 ကျောင်းသူလေးများက“ ပြည်မြန်မာသီချင်း" ဖြင့် ဖျော်ဖြေကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြေသာစံခရိုင်အနေဖြင့် ခြောက်ဘာသာ (၃) ဦး၊ ငါးဘာသာ (၁၂) ဦး၊လေးဘာသာ (၁၈) ဦး၊ သုံးဘာသာ (၁၆)ဦး၊ နှစ်ဘာသာ (၂၅) ဦး၊ တစ်ဘာသာ (၆၉) ဦးဖြင့် စုစုပေါင်း (၁၄၃) ဦး ထူးခွန်စွာ အောင်မြင်ခဲ့ပြီး မြို့နယ်အလိုက်အနေဖြင့် အောင်မြေသာစံမြို့နယ်တွင် ခြောက်ဘာသာ(၂)ဦး၊ ငါးဘာသာ(၁)ဦး၊လေးဘာသာ(၁၃)ဦး၊သုံးဘာသာ( ၉ )ဦး၊ နှစ်ဘာသာ (၉)ဦး၊ တစ်ဘာသာ(၄၄)ဦး ဖြင့် စုစုပေါင်း (၇၈)ဦး၊ပုသိမ်ကြီးမြို့နယ်တွင် ခြောက်ဘာသာ(၁)ဦး၊ငါးဘာသာ (၁၁)ဦး၊ လေးဘာသာ (၅) ဦး၊ သုံးဘာသာ (၄) ဦး၊ နှစ်ဘာသာ (၁၁)ဦး၊ တစ်ဘာသာ(၁၆)ဦး ဖြင့် စုစုပေါင်း (၄၈)ဦး၊ မတ္တရာမြို့နယ်တွင် သုံးဘာသာ (၃) ဦး၊ နှစ်ဘာသာ (၅) ဦး၊ တစ်ဘာသာ (၉) ဦးဖြင့် စုစုပေါင်း (၁၇) ဦး ထူးချွန်စွာ အောင်မြင်ခဲ့ကြကြောင်းသတင်းရရှိသည်။

အောင်စံ (ပြန်/ဆက်)